Search This Blog

Popular Posts

Friday, February 25, 2011

နှလုံးသားတစ်စုံ အပြီးသတ်တိုက်ခိုက်ခံရခြင်း


ကြည့်လေ
ငါ့နှလုံးသားကိုခလုပ်တိုက်ပီး
 ဆောရီးနော်တဲ့
ပီပီပြင်ပြင်
မပြုံးတတ်တော့
 ငါ..... 

ဘာ.... 
သူငယ်ချင်းလိုဘဲ ....
ဘုရားရေ .....
ငါ့နှလုံးသားက 
ရှမ်ဘဲလားပြန်
မဟုတ်တော့
ငါလဲမတတ်နိုင်ဘူး။

ယုန်ထင်ကြောင်ထင်
ခံရရင်တောင် ကြောင် 
မဖြစ်ချင်ဘူး
ယုန်တကောင်လို
ရိုးသားပါတယ်လို့
ငါမဆိုဘူး 
ဒါပေမယ့်.... 
မင်းသိတဲ့ 
ကြောင်ချီးလို ပျော့ပျော့လေးနဲ့
ငါ... မနံဘူး။

ထားခဲ့ပါ
အလွမ်းတွေနဲ့လေ
ဟားဟား.....
ရီနေတာမဟုတ်ဘူး....
ပြက်ရယ်ပြုနေတာလဲ
မဟုတ်ဘူး။

သူစောင့်နေခဲ့တယ်....
ပေါ်မလာဘူး...
နောက် တစ်ရက်....
နောက် တစ်လ.....
နောက် တစ်နစ်...

မနက်ဖြန်


သေခြင်းတရားဆိုတာ 
ရှောင်ပုန်းနေဖို့ မလိုသလို
အလောတကြီး ပြေးတွေ့ရမယ့် 
အရာလည်း မဟုတ်ဘူး
အချိန်တန်ရင် သူ့အလိုလို
ရောက်လာမယ့် 
ရာသီဥတုတစ်ခုပဲ…..

သေရဲတာကို  ̔သတ္တိ̕  ထင်နေရင်
တကယ်တော့ သေခြင်းတရားဆီ
အလောတကြီး ပြေးသွားတာကလည်း
သရဲဘောကြောင်တဲ့ ကြောက်ရွံ့မှုတစ်မျိုးပဲ……

မင်းနှလုံးအိမ်ထဲမှာ 
အလင်းရောင်တောက်ပလာဖို့
ငါက မီးစာဖြစ်ပေးရမယ်ဆိုလဲ 
လောင်ကျွှမ်းခံရဲတယ်….

မျက်စိလည်စရာကောင်းသော
လူမှုရေးတောအုပ်ထဲမှာ
တစ်ကိုယ်ကောင်းဆန်သည့်
သစ်ပင်တွေကို 
အတွေ့ရများသည်မှာ
အံ့ဩစရာမဟုတ်ပါ…..

ပိုက်ဆံရှာတယ်ဆိုတာ
ရွေးချယ်ခွင့်မရှိတဲ့
ဘဝပေး ဥပဒေသ
တခုလား…
ပိုက်ဆံဆိုသည်မှာ
ကိုယ်ဘဝကိုယ်ပိုင်ဆိုင်ခွင့်ရဘို့
ခေါစာပစ်ရသော
နတ်ဆိုးတပါး၏
အမည်နာမဟု ခေါ်ကြပါစို့…

တခါတလေတော့
အကောင်းဆုံးတွေဟာလည်း
နောက်ကျပြီးမှ 
ရောက်လာတတ်တာမဟုတ်လား
မီးကုန်ခါနီး L&M 
တလိပ်လိုပေါ့……

ကောင်မလေးရေ. . .
မင်းအတွက် ဥယာဉ်တစ်ခုစာ
ပျိုးထားရဲ့
အခုတော့ ရနံ့တွေကို
သိမ်းတာစောလွန်းတယ်
တကယ်ဆို
ငါ အသက်ရှူစရာ
နှုတ်ဆက်အလွမ်းနံ့
တခုတလေလောက်တော့
ချန်ထားခဲ့ဖို့ ကောင်းပါရဲ့…..

ငါ့ကိုငါတောင်
အရသာပျက်စီးသွားသော
ကော်ဖီတခွက်လို
ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ
မျှော်လင့်ချက်တွေ
ကုန်ဆုံးသွားလျှင်တောင်မှ
ရင်ဆိုင်မယ့် သတ္တိလေးတော့
ရှိပါရစေ…

စိတ်ဆိုးဖို့ အတွက်
သေသေချာချာစဉ်းစားနေရမယ်ဆို
̔ စဉ်းစားခြင်း ̕ မပါပဲ
သူ့အလိုလိုဖြစ်လာတဲ့
ခံစားချက်အတိုင်းပဲ နေချင်တယ်…

ချစ်ခြင်း၏ ထိုးမြဲလက်မှတ်တောင်
မင်းနုတ်ခမ်းမှာ ကျန်ရစ်ပါ့မလား
ကျပျောက်ဆုံးရှုံးသွားရစ်သော
ခြေရာတချို့ကို
မနက်ဖြန်ကျမှ 
သပိတ်လွယ်ငှက်တကောင်နှင့်အတူ 
ထည့်ပေးလိုက်မယ်…

မြစ်ဆိုတာ ဖြတ်ကူးဖို့လား
မျောပါဖို့လား…
အချစ်ဆိုတာကကော
နိုင်ငံတခုလား ( ဒါမှမဟုတ် )
မြစ်တစ်စင်းလား….

ပန်းပွင့်တွေဆိုသော သီချင်းသည်
ငိုရှိုက်သံများလား
အနက်ရောင် မြက်ခင်းပေါ်က 
နှင်းစက်တွေ
ဟင် . . . နှင်းစက်မဟုတ်ပါဘူး 
မျက်ရည်တွေပါ. . .
အိပ်မက်ထဲက ငါ့ကို 
မြန်မြန်နှိုးကြပါတော့
တစုံတရာ ပြင်ဆင်ခွင့်မရသော
ပြစ်ဒဏ်ကို ချမှတ်ခဲ့တာ
ကံကြမ္မာဆိုလား 
ဘုရားသခင်ဆိုတာလား…..

အဲ့ဒါ…
မနေ့ကတင်ဖြစ်ခဲ့တာပါ…

ကြေကွဲခြင်းဆိုတဲ့ နတ်သမီးတပါးက
ငါနဲ့လက်ထပ်မလား…လို့ ကမ်းလှမ်းလာတယ်
ငါ့ကို လာကြိုတဲ့ဖယ်ရီကားကလည်း
ငါမပါပဲ ထွက်ခွာသွားခဲ့ပြီ…
ကျေးဇူးပြုပြီး ငါ့ကို ခပ်တိုးတိုး ရီခွင့်ပြုပါ။

ရေကန်က အသင့်ဖြစ်နေပြီလေ…
ကြာတွေက မပွင့်သေတာပါ …
မေးခွန်းကိုသာရွေးချယ်ရမယ်ဆိုရင်
ငါလည်း စာမေးပွဲဝင်ဖြေချင်တယ် …

တချို့လူတွေ ရှာဖွေတွေ့ရှိကြ
တချို့လူတွေက ကောက်ရကြ…
တချို့လူတွေက စုဆောင်ကြ
တချို့လူတွေက ရှေ့ဆက်လျှောက်ကြ…

အားလုံးမှာ တံခါးနှစ်ပေါက်ရှိတယ်
လှေခါးနှစ်စင်းစီရှိတယ်
( ထပ်ပြောလိုက်ဦးမယ် )
အားလုံးရဲ့နာရေါ်ခရီးကိုလည်း
နှစ်မျိုးနှစ်စား စီစဉ်ပြီးသားရှိတယ်။

ကလေးဘဝက …
လက်ရေးလှစာအုပ်ထဲက 
ဝလုံးစောင်းစောင်းလေးကို
နဂါးခေါင်းလှည့်တဲ့ နေရာတည့်တည့်မှာမှ
ငါ…ချရေးခဲ့မိသလား မပြောတတ်ပါဘူး….

အရှုံးတွေကို 
တံဆိပ်ခေါင်းလို တယုတယ
စုနေတုန်းကတော့
ရာသီဥတုက ကိုယ့်ဖက်ပါခဲ့တယ် …

မိုးခေါင်သလိုမျိုး 
ဆောင်းကကော မခေါင်းနိုင်တော့ဘူးတဲ့လား…
မိုခေါင်းသလိုမျိုး 
ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား…
မိုးခေါင်သလိုမျိုး 
ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား…

ကံကြမ္မာဒိုင်လူကြီးက 
ခရာမှုတ်တာစောလွန်းတယ်