Search This Blog

Popular Posts

Wednesday, March 9, 2011

“ ငါမဟုတ်တဲ့ ငါ ”


ငါဟာ  ...
မျှော်လင့်ချက်မဲ့နေတဲ့ 
သစ်စေ့တစ်စေ့ပါ…
အများကြီးမတောင်းဆိုပါဘူး
လွတ်လပ်စွာပေါက်ရောက်ခွင့်ရရင် 
ကျေနပ်ပီ။

ငါဟာ  …
ခမ်းခြောက်တော့မယ့် 
စမ်းချောင်းလေးပါ…
အများကြီးမတောင်းဆိုပါဘူး
ရှင်းသန့်စွာ စီးဆင်းခွင့်လေး
တစ်ခေါက်တော့ပေးပါ။

ငါဟာ  ...
အတောင်ညောင်းနေတဲ့
ငှက်တစ်ကောင်ပါ…
အများကြီးမတောင်းဆိုပါဘူး
အေးမြလုံချုံတဲ့
အသိုက်အမြုံလေး တစ်ခုတော့ပေးပါ။

ငါဟာ …
ကြဆုံးတော့မယ့်
စစ်သူကြီးတစ်ယောက် …
အများကြီးမတောင်းဆိုပါဘူး
ပေါ့ပါးစွာ အသက်ရှုခွင့်လေး
တခဏတော့ ပေးပါ။

ငါဟာ …
ဆည်းဆာချိန် 
နေကြာပန်းတပွင့်ပါ …
အများကြီးမတောင်းဆိုပါဘူး
လောကကြီးကို တဝကြီး
နမ်းရှိုက်ခွင့်ပြုပါ။

ငါဟာ …
မျှော်လင့်ချက်မဲ့နေတဲ့ သစ်စေ့
ခမ်းခြောက်တော့မယ့် စမ်းချောင်း
အတောင်ညောင်းနေတဲ့ ငှက်
ကြဆုံးတော့မယ့် စစ်သူကြီး
ဆည်းဆာချိန် နေကြာပန်း

ဘာတစ်ခုမှ မဟုတ်ဘူး
တကယ်တော့ ငါဟာ ငါပါ
မင်းကိုရိုးသားစွာ ချစ်နေတဲ့သူပေါ့
အများကြီးမတောင်းဆိုပါဘူး
မင်းကိုမြတ်နိုးစွာချစ်နေရရင်
ဒီတသက် နေပျော်ပီ

Thursday, March 3, 2011

“ တောင်းပန်တယ် ”


ဇာတ်လမ်းကစမယ်မှ မကြံသေးဘူး
“ကဒ်” တဲ့
တခါတလေတော့လဲ
ဆင်ဆာမပါပဲ ချစ်ချင်တယ်
ကောင်မလေးရယ်….

ကိုယ်တိုင်ထွန်ယက်မိတဲ့ နှလုံးသားကို
ပျိုးကြဲမယ်မှ မကြံသေးဘူး
ရွက်ပိုးထိုးတွေနှောက်ရှက်
တခါတလေတော့လဲ 
ဩဘာမပါပဲလဲ ( အာမိုလဲမပါနဲ့)
လန်းဆန်းချင်တယ်
ကောက်မလေးရယ်….

မိုင်ထောင်ချီဝေးပေမယ့်လဲ
နှလုံးသားတွေ နီးအောင်
တခါတလေတော့လဲ 
“ E " တွေမပါပဲ ( electronically communities )
လွမ်းကြစို့လား
ကောင်မလေးရယ်….

ထုံးပေါ်သျှားသုတ်မိခဲ့တာ
ထုံးမပေါက်စေချင်တဲ့ စေတနာဆိုတာ
မင်းသိရင်ခွင့်လွှတ်မှာလား

1500 ပြည့်အောင်
တွေ့တဲ့ကိန်းဂဏန်းတွေလိုက်ကောက်
ပေါင်းဖြည့်ခဲ့တယ်
ဒါပေမယ့် “ သုည ” မပါဝင်ဘူး

မင်းက “ 1 ” ဖြစ်နေရင်တောင်
“ သုည ” ရဖို့
ငါ့ဘဝကို “ - 1 ” အဖြစ်ခံလိုက်မယ်
အလွမ်းတွေကိုတော့
ဘဲစားဘဲချေ မလုပ်ကြေးပေါ့ …

ငါ့ကိုငါတောင်
အရသာပျက်စီးသွားသော
ကော်ဖီတခွက်လို
ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ
မျှော်လင့်ချက်တွေ
ကုန်ဆုံးသွားလျှင်တောင်မှ
ရင်ဆိုင်မယ့် သတ္တိလေးတော့
ရှိပါရစေ…

စိတ်ဆိုးဖို့ အတွက်
သေသေချာချာစဉ်းစားနေရမယ်ဆို
̔ စဉ်းစားခြင်း ̕ မပါပဲ
သူ့အလိုလိုဖြစ်လာတဲ့
ခံစားချက်အတိုင်းပဲ နေချင်တယ်…

ငါမှားတာရှိရင်တောင်းပန်ပါတယ်
ခွင့်လွှတ်ပေးဖို့ မတောင်းဆိုဘူး
သံယောဇဉ်အိပ်မက်တွေ ညှစ်စွန်းသွားရင်
လျှော်ဖွတ်ဖို့ ငါ့နှလုံးသားကို
စတေးခံမယ်။

私はあなたを謝罪